"ဥာဏ်ပညာမြစ်တစ်စင်း စတင်စီးဆင်းရာ"

အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသစ်ဆီသို့ ချီတက်ကြတဲ့အခါ ပညာရေးဟာ အဓိကကျတဲ့အခြေခံအုတ်မြစ်အဖြစ် ပါဝင်နေပါတယ်။

ဥာဏ်ပညာဦးစီးတဲ့တော်လှန်ရေးနဲ့အတူ အရှိန်အဟုန်မြင့်စွာပြောင်းလဲနေသည့် ခေတ်ကာလတွင်း ပညာလိုလားသူများ စဥ်ဆက်မပြတ် ပညာရှာဖွေသင်ယူနိုင်စေဖို့၊ ဖက်ဒရယ်ပြည်ထောင်စုကြီးတည်ဆောက်ရာမှာ တစ်ထောင့်တစ်နေရာကနေ ပါဝင်နိုင်မယ့် ပညာတတ်များမွေးထုတ်ပေးခြင်းဖြင့် အထောက်အပံ့ပြုနိုင်စေဖို့ စတဲ့ ရည်ရွယ်ချက်တွေနဲ့  The River College ကို စတင်တည်ထောင်ရခြင်း ဖြစ်ပါတယ်။

The River College ဟာ "ပညာသည်သာပင်မကျောရိုးဖြစ်ပြီး ပညာအထက် မည်သူမျှမရှိစေရ" ဟူသော ဂုဏ်အင်္ဂါနှင့်ပြည့်စုံပြီး သုတေသနကို အထူးအားပေးဖို့ ရည်သန်တဲ့ ပညာရေးအင်စတီကျူးရှင်း ဖြစ်ပါတယ်။ ကျောင်းသား ကျောင်းသူများရဲ့ ပညာရေးလွတ်လပ်ခွင့်၊ အတွေးအခေါ်လွတ်လပ်ခွင့်၊ ပုဂ္ဂလလွတ်လပ်ခွင့်တို့ကို အာမခံတဲ့ ကောလိပ်လဲ ဖြစ်စေပါမယ်။

ဥာဏ်ပညာမြစ်တစ်စင်း စီးဆင်းဖို့ အသင့်ဖြစ်နေပါပြီ။ The River College နဲ့ ပတ်သက်တဲ့ အသေးစိတ်အကြောင်းအရာများ၊ သင်ကြားပို့ချသွားမယ့် သင်တန်းနဲ့ အခြားအကြောင်းအရာများကို ဤ The River College Facebook Page ကနေ အချိန်နဲ့တပြေးညီ ဖော်ပြသွားမှာဖြစ်ပါကြောင်း သတင်းကောင်းပါးလိုက်ရပါတယ်။

#therivercollege 

Comments

Popular posts from this blog

ရေးဗားကောလိပ်ရဲ့ တံဆိပ်က ပြောပြတဲ့ ရေးဗားကောလိပ်အကြောင်း

ရေးဗားကောလိပ်၏ ရမှတ်စနစ် 𝗖𝗿𝗲𝗱𝗶𝘁 𝗦𝘆𝘀𝘁𝗲𝗺 𝗼𝗳 𝘁𝗵𝗲 𝗥𝗶𝘃𝗲𝗿 𝗖𝗼𝗹𝗹𝗲𝗴𝗲