ရေးဗားကောလိပ်၏ ရမှတ်စနစ် 𝗖𝗿𝗲𝗱𝗶𝘁 𝗦𝘆𝘀𝘁𝗲𝗺 𝗼𝗳 𝘁𝗵𝗲 𝗥𝗶𝘃𝗲𝗿 𝗖𝗼𝗹𝗹𝗲𝗴𝗲

 


ယခင်အပတ်က ရမှတ်စနစ် (Credit System) အကြောင်းနှင့် နိုင်ငံတကာရှိ ထင်ရှားသော Credit System အချို့အကြောင်း တင်ပြခဲ့ပြီးဖြစ်သည်။ 

ဖတ်ရှုရန်လင့်ခ်-

https://www.facebook.com/102434378789228/posts/123905213308811/?d=n

 ယခုအခါ ရေးဗားကောလိပ်က ကျင့်သုံးမည့် ရမှတ်စနစ် ( Credit System of the River College ) ကို အကြမ်းမိတ်ဆက်ပေးသွားပါမည်။ 

ကောလိပ်၏ အင်စတီကျူးရှင်းငယ်သေးသည်က တကြောင်း၊ တစ်နိုင်ငံလုံး ချိတ်ဆက်လွှမ်းခြုံသည့် ရမှတ်လွှဲပြောင်းစနစ် Credit Transfer System မျိုးကား မိမိတို့ နိုင်ငံတွင် မရှိသေးသည်က တကြောင်းတို့ကြောင့် Credit စနစ်၏ အနှစ်သာရ အပြည့်အဝကိုကား ရရှိနိုင်ဦးမည်မဟုတ်ပေ။ သို့သော် ကောလိပ်တွင်း Credit စနစ်ကျင့်သုံးနိုင်မှု၏ အားသာချက်များကိုတော့ ရရှိနိုင်မည်ဖြစ်သည်။ အအောင်အကျ ရှိတော့မည်မဟုတ်၊ သတ်မှတ် Credit မပြည့်ခဲ့လျှင်လည်း ရိုးရိုးစနစ်တွင် နှစ်ကျသကဲ့သို့ အစက ပြန်တက်ရမည် မဟုတ်တော့ပဲ နောက်ထပ်စာသင်နှစ်သင်တန်းများကို တက်ရင်း လိုအပ်သော Credit များကိုသာ ပြန်ဖြည့်ပြီး Assessment များကို ဆောင်ရွက်ရန် သို့မဟုတ် Redo/Resit လုပ်ရန်သာ ဖြစ်သည်။ 

ရေးဗားကောလိပ်သည် ရမှတ်စနစ် ( Credit System) ကို ကျင့်သုံးရာတွင် ဘွဲ့ကြိုသင်တန်းများအတွက် 90 or 120 credits၊ မဟာဘွဲ့သင်တန်းများအတွက် 30 or 60 credits၊ ဒစ်ပလိုမာသင်တန်းများအတွက် 15 credits အဖြစ် အသီးသီး ယေဘူယျသတ်မှတ်သည်။ ထို့အပြင် လက်ရှိတော်လှန်ရေးကာလနှင့် အကြိမ်ကြိမ် အခါခါသော ကိုဗစ် ၁၉ ကမ္ဘာ့ကပ်ရောဂါကာလတို့တွင် အစစအရာရာနှောင့်နှေးရသော၊ နစ်နာရသော ကျွန်ုပ်တို့၏ လူငယ်များအတွက်  ပညာရေးလိုအပ်ချက်များကို၊ လိုလားချက်များကို အချိန်ပေးရမှုသက်သာပြီး လွယ်ကူစွာ၊ ထိရောက်စွာဖြစ်စေရန်အတွက်လည်းကောင်း၊ အွန်လိုင်းအသုံးပြုသင်ကြားမှုသာရှိသေးသည်အတွက်လည်းကောင်း Online Diploma များကို 8 or 12 credits ဖြင့် သတ်မှတ်သည်။ ထို Online Diploma များ၏ သင်ကြားချိန်သည် ပုံမှန်နှစ်ဝက်ကာလ Semester တစ်ခု၏ ကြာချိန်နှင့် ညီမျှပြီး 12 to 16 weeks ကြာမြင့်မည်။ ရက်တိုသင်တန်းများအတွက်မူကား လိုအပ်သည့်နာရီအတိုင်း သီးခြားပို့ချမည်ဖြစ်ပြီး ရမှတ်စနစ်နှင့် အကျုံးဝင်မည်မဟုတ်ပေ။ ( ပုံတွင်ကြည့်ပါ။ )

ရေးဗားကောလိပ်၏ 1 credit ဆိုသည်မှာ 12 to 16 weeks စာကြာမြင့်ချိန်၏ တစ်ပတ်စီတိုင်းတွင် ပညာသင်ယူလေ့လာရန် စိုက်ထုတ်အသုံးပြုရမည့်  3 hours ကို ဆိုလိုသည်။ ထို 3 hours တွင် 1:2 နည်းလမ်းဖြင့် 1 Contact Hour နှင့် 2 Prepare or Self-Study Hours တို့ ပါဝင်သည်။ Contact Hour ဆိုသည်မှာ Lecture ပို့ချချိန်၊ Discussion or Tutorial ဆွေးနွေးချိန်များ၊ Seminar များ၊ Workshop များ၊ Debate များ၊ Group Work နှင့် Presentation များ၊ တတ်မြောက်မှုစစ်ဆေးချိန်များစသဖြင့်ကို ဆိုလိုသည်။ 3 to 4 days per week နှင့် 2 to 3 hours per day တက်ရောက်ရမည်ဖြစ်သည်။ ပုံမှန် Full-time study in Campus ၏ တဝက်ဟု အကြမ်းချင်းယူဆနိုင်သည်။ အမေရိကန်သုံး Semester Credit Hours SCH ကို မှီငြမ်းထားခြင်း ဖြစ်ပါသည်။ 

မကြာမီဖွင့်လှစ်မည့် သင်တန်းများတွင် အထက်ပါ ရမှတ်စနစ်ကို စတင်ကျင့်သုံးသွားပါမည်။ ကျေးဇူးတင်ပါသည်။

𝗧𝗵𝗲 𝗥𝗶𝘃𝗲𝗿 𝗖𝗼𝗹𝗹𝗲𝗴𝗲

𝗥𝗮𝗻𝗴𝗼𝗼𝗻, 𝗕𝘂𝗿𝗺𝗮

=======================

Email: office@theriver-edu.org

www.theriver-edu.org

Office of Administrative Board

Rangoon, Myanmar (Burma)

#therivercollege

#therivercollege_creditsystem

Comments

Popular posts from this blog

ရေးဗားကောလိပ်ရဲ့ တံဆိပ်က ပြောပြတဲ့ ရေးဗားကောလိပ်အကြောင်း

"ဥာဏ်ပညာမြစ်တစ်စင်း စတင်စီးဆင်းရာ"